ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်TICA အဖွဲ့တွေ့ဆုံ
July 17, 2017
ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများဆောက်လုပ်ရန် အလှူငွေများပေးအပ်
July 17, 2017

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စစ်တွေမြို့တွင်း သန့်ရှင်းသာယာရေး လမ်းများကောင်မွန်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စစ်တွေမြို့တွင်း သန့်ရှင်းသာယာရေး လမ်းများကောင်မွန်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
===========================
စစ်တွေ၊ ဇူလိုင်၊ ၁၃

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် စည်ပင်သာယရေးဝန်ကြီးတို့သည် ပြည်နယ်စည်ပင်သာယာရေး ဒုညွှန်ကြားရေးမှူးနှင့် စစ်တွေမြို့နယ် စည်ပင်သာယာ အမှုဆောင်အရာရှိတို့လိုက်ပါ၍ စစ်တွေမြို့ မင်းဘာကြီးလမ်းရှိ ခေါင်းလောင်းကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမျော်ခဲ့ကြကာ ကျောင်းဝန်းနံဘေး စည်းကမ်းမဲ့စွာ စွန့်ပစ်ထားကြသော ညစ်ပတ်ပွယောင်းပေရေ နံစော်နေသော အမှိုက်များကို သန့်ရှင်းသာယာစေရေးအတွက် အမြန်ဆုံးရှင်းလင်းဆောင်ရွက်ရန် မြို့နယ်အမှုဆောင်အရာရှိအား ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်နေပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်သွားလမ်းပျက်စီးနေမှုအား သွားရောက်ကြည့်ရှုခဲ့ကာ လိုအပ်သည်များဆောင်ရွက်နိုင်ဖို့ ညွှန်ကြားခဲ့ကာ တက္ကသိုလ်နှင့် မင်ဂံရပ်ကွက် ဆက်သွယ်ထားသော ကျိုးပျက်နေသောတံတား အသစ်ပြန်လည်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်။

၁၃-၇-၂၀၁၇

Image may contain: 1 person, sitting, living room, table and indoor
Image may contain: one or more people, people sitting and indoor
Image may contain: 1 person, standing and outdoor
Image may contain: one or more people, people walking, tree, sky and outdoor