ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ စစ်တွေမြို့တွင်း သန့်ရှင်းသာယာရေး လမ်းများကောင်မွန်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
July 17, 2017
ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)သို့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
July 17, 2017

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများဆောက်လုပ်ရန် အလှူငွေများပေးအပ်

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများဆောက်လုပ်ရန် အလှူငွေများပေးအပ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲▲

နေပြည်တော် ဇူလိုင် ၁၃

ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများဆောက်လုပ် ရန် အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အလှူငွေပေးအပ်လှူဒါန်းပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးက အလှူငွေ အမေရိကန်ဒေါ်လာ ၅၃ဝ,ဝဝဝ ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် မြန်မာနိုင်ငံသည် မုန်တိုင်း၊ မုန်တိုင်းဒီရေ နှင့် ရေလွှမ်းမိုးမှုဒဏ်ကို ထိခိုက် ခံစားရသည့်နိုင်ငံဖြစ်သည့် အတွက် မုန်တိုင်းဒဏ်ခံ အဆောက် အအုံများ၊ အသက်ကယ် ကုန်းများသည် မရှိမဖြစ်လိုအပ်သည့် အခြေခံ အဆောက် အအုံ များဖြစ်ပါကြောင်း၊ ၂ဝဝ၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ခံစား ရပြီးနောက် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ ၉၃ လုံးကို ဆောက် လုပ်ပေးခဲ့ပြီး ဖြစ် ပါကြောင်း၊ လက်ရှိတွင်လည်း ၂၅ လုံးကို တည်ဆောက်ပေး လျက်ရှိ ပါကြောင်း၊ ရခိုင်ပြည်နယ် အတွက် မုန်တိုင်း ဒဏ်ခံ အဆောက်အအုံ အလုံး ၃ဝ ထပ်မံ ဆောက်လုပ်ပေးရန် ဆောင်ရွက် လျက်ရှိရာ ဘင်္ဂလားဒေ့ ရှ် နိုင်ငံမှ လှူဒါန်းငွေဖြင့် လေးလုံးတည်ဆောက် သွားမည် ဖြစ်ပါ ကြောင်း၊ ယခု လှူဒါန်းမှုမှတစ်ဆင့် နှစ်နိုင်ငံအကြား အပြန် အလှန်နားလည်မှု၊ ချစ်ကြည် ရင်းနှီးမှုကို တိုးမြှင့်သွားနိုင် မည်ဖြစ် ပါကြောင်းနှင့် မြန်မာနိုင်ငံ အစိုးရနှင့် ပြည်သူများ ကိုယ်စား ကျေးဇူးတင်ရှိ ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအားUNICEF အဖွဲ့မှ ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးဌာနကြီးမှူး Mr.Aaron Greenbergဦးဆောင်သောအဖွဲ့က အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံသည်။

တွေ့ဆုံစဉ် အသစ်ပြဋ္ဌာန်းမည့် ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေ တွင် ကလေးမွေးစားခြင်းဆိုင်ရာ အခန်း ကဏ္ဍတွင် ကလေးသူငယ်များ အား အလွဲသုံးစား အမြတ် ထုတ်မှုများမှ ကြိုတင်ကာကွယ်နိုင်ရေး ပါဝင်ရေး ဆွဲထားမှု၊ မိဘမဲ့ဂေဟာများ လိုက်နာဆောင်ရွက်ရမည့် ပဋိညာဉ် စာတမ်း၊ ဂေဟာစည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ရေးဆွဲခဲ့မှု အခြေအနေ များကို ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)

Image may contain: 3 people, people smiling, people standing