ရခိုင်ပြည်နယ်တွင် မုန်တိုင်းဒဏ်ခံ အဆောက်အအုံများဆောက်လုပ်ရန် အလှူငွေများပေးအပ်
July 17, 2017

ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)သို့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(အဋ္ဌမနေ့)သို့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
••••••••••••••••••••••••••••••••••••••••••••••••
စစ်​​တွေ၊ဇူလိုင်​ ၁၄

ယနေ့ ၁၄.၇.၂၀၁၇ရက်နေ့ တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး(အဋ္ဌမနေ့)သို့ရခိုင်ပြည်
နယ်ဝန်ကြီးချုပ်တက်ရောက်ခဲ့ပါတယ်။

အဆိုပါ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမ ပုံမှန် အစည်းအဝေး(အဋ္ဌမနေ့) တွင် ကြယ်ပွင့်ပြထားသည့် မေးခွန်းများ
ကို လွှတ်တော်ကိုယ်စားလှယ်တော်များက မေးမြန်းခြင်းသက်ဆိုင်ရာပြည်နယ်အဆင့်
အဖွဲ့အစည်းဝင်များမှပြန်​လည်​ ​ဖြေကြားခြင်း၊ကွယ်​လွန်​သွား​သောရခိုင်​ပြည်​နယ်​လွှတ်​​တော်​ဒု_ဥက္ကဌ ဦးဖိုးမင်းးအတွက်​လစ်​လပ်​သွား​သော ရခိုင်​ပြည်​နယ်​ လွှတ်​​တော်​ဒု _ဥက္ကဌ​နေအတွက်​ ပြန်​လည်​​ရွေးချယ်​တင်​​မြှောက်​ခြင်း၊ ​ရွေးချယ်​ခံ လွှတ်​​တော်​ဒု_ဥက္ကဌ မှ ကျမ်းသစ္စာ ကြိမ်​ဆိုခြင်း အပါအ၀င် အစီအစဉ် (၂၄)ခုဖြင့်ကျင်းပခဲ့ပါသည်​။

အဆိုပါရခိုင်​ပြည်​နယ်​ လွှတ်​​တော်​ဒု _ဥက္ကဌ​လစ်​လပ်​နေအတွက်​ ပြန်​လည်​​ရွေးချယ်​တင်​​မြှောက်​ရာတွင်​ ဒု ဥက္ကဌ ကိုယ်​စားလှယ်​​လောင်းများအဖြစ်​ ​အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​ NLDမှ မာန်​​အောင်​မြို့နယ်​ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးဖိုးနွဲ့၊ ​ရခိုင်​အမျိုးသားပါတီANP မှမြေပုံမြို့နယ်​ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးမြသန်း၊ရခိုင်​အမျိုးသားပါတီ ANPမှ ​မြေပုံမြို့နယ်​ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​ဝင်း တို့မှ ​ယှဉ်​ပြိုင်​ရွေးချယ်​ခံခဲ့ကြသည်​။

ထို့​နောက်​ ရခိုင်​ပြည်​နယ်​လွှတ်​​တော်​ရှိ တပ်​မ​တော်​သားလွှတ်​​တော်​ကိုယ်​စားလှယ်​များအပါအဝင်​ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​၄၆ဦး တွင်​ ၄၅ဦး (အမ်းမြို့နယ်​ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​မောင်​​မောင်​အုန်း လွှတ်​​တော်​ မှခွင့်​တိုင်​ထား)မှ လျှို့ဝှက်​မဲစနစ်​ဖြင့်​ မဲ​ပေး​ရွေးချယ်​ ခဲ့ကြရာ မာန်​​အောင်​မြို့နယ်​ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးဖိုးနွဲ့မှ ၆မဲ၊ ​မြေပုံမြို့နယ်​အမှတ်​(၂) ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးမြသန်းမှ ၁၉မဲ ၊ ​မြေပုံမြို့နယ်​အမှတ်​ (၁ )ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​ဝင်း ၁၇မှ မဲ၊(ပယ်​မဲ ၃)ဖြင့်​ ​မြေပုံ မြို့နယ်​ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးမြသန်းမှ ရခိုင်​ပြည်​နယ်​လွှတ်​​တော်​ ဒု_ဥက္ကဌအဖြစ်​ အ​ရွေးချယ်​ခံခဲ့ရ​သည်​။

Image may contain: one or more people, people standing and indoor
Image may contain: 2 people, people sitting and indoor
Image may contain: 2 people, people sitting and indoor
Image may contain: 4 people, people sitting and hat