ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တောင်ကုတ်မြို့နယ် တန်းလွဲတိုက်နယ် ရွာမရွာ သို့သွားရောက်
July 11, 2017
ဒုတိယအကြိမ်ရခိုင်ပြည်နယ်လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေး(ပဉ္စမနေ့)သို့ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တက်ရောက်
July 13, 2017

မောင်တောမြို့နယ် တရိန်းကျေးရွာနေ ပြည်သူများသို့ ဆိုလာမီး ၈၇ စုံ ပေးအပ်

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

မောင်တောမြို့နယ် တရိန်းကျေးရွာနေ ပြည်သူများသို့ ဆိုလာမီး ၈၇ စုံ ပေးအပ်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

မောင်တော ဇူလိုင် ၁ဝ

ရခိုင်ပြည်နယ်အစိုးရ၏ စီစဉ်မှုဖြင့် မောင်တောမြို့နယ်မြောက်ပိုင်းရှိ တရိန်းကျေးရွာနေ ပြည်သူများအတွက် မောင်တောမြို့နယ် စီမံခန့်ခွဲမှုကော်မတီက ဆိုလာမီးများပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ မူလတန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားသို့ မောင်တောမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မြေစာရင်း၊ မြို့နယ်စီမံကိန်းဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် ဒေသခံ တိုင်းရင်းသားများ တက်ရောက်ကြသည်။
”ဒီဒေသရဲ့ နယ်မြေလုံခြုံရေးဟာ အလွန်ပဲအရေးကြီးပါတယ်။ ဒေသနေ ပြည်သူတွေရဲ့ နယ်မြေလုံခြုံမှုကို တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တွေက အရှိန်အဟုန်မြှင့် ဆောင်ရွက်နေသလို ညပိုင်း လုံခြုံမှုဖြစ်စေဖို့ ပြည်နယ်အစိုးရရဲ့ အစီအစဉ်နဲ့ ဆိုလာမီးတွေ လာရောက်ပေးအပ်ခြင်းဖြစ်ပါတယ်”ဟု မြို့နယ်အုပ်ချုပ် ရေးမှူးက ပြောသည်။

အဆိုပါ ကျေးရွာတွင် ဒေသခံတိုင်းရင်းသားများ စုပေါင်းနေထိုင်ကြပြီး အိမ်ခြေ ၈၄ အိမ်ရှိကြောင်း၊ ထပ်မံ၍လည်း အိမ်ခြေ ၅ဝ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။
ယခုထောက်ပံ့မှုတွင် တစ်အိမ်ထောင်လျှင် ဆိုလာပြား၊ ဆိုလာဘက်ထရီ၊ မီးလုံး၊ မီးချောင်းအပါအဝင် တစ်စုံစီ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ပြီး စုစုပေါင်း ၈၇ စုံ ထောက်ပံ့ပေးအပ်ခဲ့သည်။

သတင်း-မြင့်မောင်စိုး၊အောင်ကျော်ဦး
ဓာတ်ပုံ-သက္က

Image may contain: 5 people, people standing