မင်းပြားမြို့နယ်အတွင်း “မိုရာ” မုန်တိုင်းကြောင့် ပျက်စီးခဲ့သော လူနေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းများအတွက် ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်
July 11, 2017
မောင်တောမြို့နယ် တရိန်းကျေးရွာနေ ပြည်သူများသို့ ဆိုလာမီး ၈၇ စုံ ပေးအပ်
July 11, 2017

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တောင်ကုတ်မြို့နယ် တန်းလွဲတိုက်နယ် ရွာမရွာ သို့သွားရောက်

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ တောင်ကုတ်မြို့နယ် တန်းလွဲတိုက်နယ် ရွာမရွာ သို့သွားရောက်
=======================================
၁၀-၇-၂၀၁၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးတို့သည် (၉-၇-၂၀၁၇)နေ့ နံနက် (၁၀:၃၀)တွင် တောင်ကုတ်မြို့နယ် တန်းလွဲချောင်း ရွာမရွာသစ် တန်းလွဲတိုက်နယ်ဆေးရုံသို့သွားရောက်ခဲ့ကာ ၂၅ ကုတင်ဆန့် စံကိုက်ဆေးရုံတည်ဆောက်ရန် မြေနေရာအကျယ်အဝန်းကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွာမ၊ရွာသစ် ဒေသခံ ရပ်မိရပ်ဖများနှင့်တွေ့ဆုံကာ ကျန်းမာရေး ၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး၊လျှပ်စစ်မီးလင်းရေး စသည့် ဒေသဖွံဖြိုးရေးလုပ်ငန်းများကို တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် ရွာမရွာသစ် မှ မူလွန်ကျောင်းများနှင့် ရွာမ (အ.ထ.က)ကျောင်းကြီးသို့သွားရောက်ခဲ့ကြကာ အန္တရာယ်ကျောင်းဆောင်နှင့် အကြီးစားပြင်ဆင်ရန်လိုအပ်နေသော သစ်သားကျောင်းဆောင်မကြီးတို့၏ ပြုပြင်ရန်လိုအပ်နေသောအခြေအနေများကိုကြည့်ရှု့စစ်ဆေးခဲ့ကြကာ (အ.ထ.က)ဆရာ/မများအား ရခိုင်ပြည်နယ် ပညာရေးတိုးတက်မြင့်မားလာစေရေး ကြိုးစားပြီး သင်ကြားပေးကြရန် နှင့် မသမာမှုမပြုလုပ်ကြရန်၊ ခိုးချပြီး စာဖြေခြင်းများ ပပျောက်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း မှာကြားခဲ့ပါတယ်။

၉-၇-၂၀၁၇

Image may contain: 5 people, people smiling, people standing, tree, outdoor and nature
Image may contain: 1 person, sitting, table and indoor
Image may contain: one or more people and indoor
Image may contain: one or more people, people sitting, table and indoor