ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နဲ့အစိုးရအဖွဲ့ဝင်များန်တွင်ကျိန္တလီစာစစ်ဌာန အောင်ချက်မြင့်မားရေးအတွက်ဆရာ/ဆရာမများနှင့်တွေကဆုံ
July 11, 2017
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ​မြောက်​ဦး၊​ကျောက်​​တော်​၊စစ်​​တွေဒသခံ တိုင်းရင်းသားများနှင့်တွေ့ဆုံ
July 11, 2017

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ဂွမြို့နယ်ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲနှင့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသော ဂွမြို့နယ်မှ ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲပြုလုပ်

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ ဂွမြို့နယ်ကျေးလက်နေပြည်သူများနှင့် တွေ့ဆုံပွဲနှင့် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာ အောင်မြင်ကြသော ဂွမြို့နယ်မှ ကျောင်းသား/သူများအား ပညာရည်ချွန်ဆုပေးပွဲပြုလုပ်
=======================================
၁၀-၇-၂၀၁၇

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် လူမှုရေးဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီးတို့သည် ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများလိုက်ပါ၍ (၈-၇-၂၀၁၇)နေ့ နံနက်ပိုင်းတွင် ဂွမြို့နယ် ပေါက်တူးကျေးရွာအုပ်စုနှင့် ချောင်းသာကြီးကျေးရွာ ကျေးလက်နေပြည်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြကာ ဒေသဖွံဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ညနေ(၃:၀၀)နာရီအချိန်တွင်ပြုလုပ်ကျင်းပသော ဂွမြို့နယ်အတွင်းမှ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြကာ ဆုရ ကျောင်းသား/သူများအား ဆုချီးမြှင့်ပေးအပ်ခဲ့ကြပါတယ်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်အဖွဲ့သည် ညနေ(၅:၃၀) အချိန်ခန့်တွင် ဂွမြို့နယ် ရဟိုင်ကတို့ရွာ (အ၊ထ၊က) ကျောင်းသို့ သွားရောက်ခဲ့ကြကာ ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းတွင် အောင်မြင်သူမရှိခဲ့ခြင်းနှင့်ပတ်သက်ပြီး ဆရာ/မများ ၊ ကျောင်းသား/သူ မိဘများနှင့် တွေ့ဆုံခဲ့ပြီး ပညာရေးပြန်လည်မြင့်မားလာနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်ချက်ပြန်လည်တိုးတက်မြင့်မားလာရေး ဆရာ/ဆရာမများမှ ကြိုးစားသင်ကြားပေးကြရန်တိုက်တွန်းမှာကြားခဲ့ပါတယ်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ပညာရေးမှူးအဖွဲ့သည် ဂွမြို့နယ် ရဟိုင်ကတို့မှ ဆက်လက်ခရီးထွက်ခွာခဲ့ကာ ည(၈:၃၀) နာရီအချိနခန့်တွင် ကျိန္တလီမြို့သို့ရောက်ရှိကာ ကျိန္တလီမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမတွင် ကျိန္တလီမြို့ အ၊ထ၊က မှ ဆရာ/မများ ကျောင်းသား/သူ မိဘများနှင့်တွေ့ဆုံကာ ကျိန္တလီမြို့ ပညာရေးမြင့်မားလာရေးနှင့် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးကိစ္စများအားဆွေးနွေးခဲ့ကြပါတယ်။
၁၀-၇-၂၀၁၇

Image may contain: one or more people, table and indoor
Image may contain: 4 people, people sitting, people eating, table and indoor
Image may contain: 1 person, crowd and indoor
Image may contain: one or more people, crowd and indoor