မိုရာ(Mora) ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှုကြောင့် မြောက်ဦးမြို့နယ် ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်
June 5, 2017
ငှက်ဖျားနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယနှိမ်နင်းရေးအတွက်ကြိုတင်ကာကွယ်ပူးပေါင်းဆောင်ရွက်
June 5, 2017

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ရုံးလုပ်ငန်းဆောင်ရွက်မှုစနစ်(e-Office စနစ်) စတင်အသုံးပြုခြင်း အခမ်းအနားရခိုင်ပြည်နယ်အစီုးရအဖွဲ့ ဝင်စည်ပင်သာယာရေးဝန်ကြီးပြောကြားသည်စကား။

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ရုံးလုပ်ငန်းဆောင်ရွက်မှုစနစ်(e-Office စနစ်) စတင်အသုံးပြုခြင်း အခမ်းအနားရခိုင်ပြည်နယ်အစီုးရအဖွဲ့ ဝင်စည်ပင်သာယာရေးဝန်ကြီးပြောကြားသည်စကား။
———————————————————–။

၃၀.၅.၂၀၁၇ နေ့က နေပြည်တော်စည်ပင်သာယာရေးကော်မတီ ရုံးလုပ်ငန်းဆောင်ရွက်မှုစနစ်(e-Office စနစ်) စတင်အသုံးပြုခြင်း အခမ်းအနား တွင်​ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ပြောကြားသည့် အကြံပြု ဒီစကား

ကျ​နော်​ရခိုင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်ဖြစ်ပါတယ်။

ကျွန်တော်တို့ ဒီ အခု eGovernment နဲ့ ပတ်သက်ပြီးတော့ ဒီနေပြည်တော်ကောင်စီမှာ နေပြည်တော်စည်ပင်သာ ယာရဲ့ စတင်ပြီးအကောင်အထည်ဖော်တာကို တွေ့ရတဲ့အခါ မနှစ်က ခု ဒီ eGovernment စနစ်ကို အောင်မြင်စေလိုတဲ့ ကိုဇော်ထွန်းနိုင်ကို ခေါ်ပြီးတော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ website တစ်ခုရယ်၊ ရခိုင်ဂေဇတ် website တစ်ခုရယ် သူ့ရဲ့ အကူအညီယူပြီးတော့ ရခိုင်ပြည်နယ်မှ စပြီးတော့ ဟို…ဖွင့်လှစ်ခဲ့ပါတယ်။ ဒီ website တခုကို ဆိုတော့ သူတို့အခုလုပ်ထားတဲ့ အနေအထားက အောင်မြင်ဖို့အနေအထားဖြစ်ပါတယ်။ ကျွန်တော်တို့မကြာခင်မှာလဲ အစစအရာရာ လေ့လာပြီးတော့ ကျွန်တော်တို့လေ့လာပြီးတော့ အဖက်ဖက်ကလေ့လာပြီးတဲ့အခါကျတော့ ကျွန်တော်တို့ရခိုင်ပြည်နယ်မှာ တပ်ဆင်နိုင်ဖို့ သုံးစွဲနိုင်ဖို့ ကိုလည်း စီစဉ်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒါအစိုးရ ရခိုင်ပြည်နယ် ကျွန်တော်တို့စည်ပင်သာယာရေး တစ်ခုလေးခေါ်မလား အစိုးရတစ်ဖွဲ့လုံးရဲ့လုပ်ငန်း ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးရဲ့ လုပ်ငန်း ချိတ်ဆက်နိုင်ဖို့ ကျွန်တော်တို့ အထွေထွေအုပ်ချူပ်​​ရေဦး
်စီးဌာနပိုင်းကရော တခြားဦးစီးဌာနပိုင်းတွေကပါ ချိတ်ဆက်နိုင်ဖို့က စီစဉ်ဖို့ဆိုတဲ့ခါကျတော့ ဒီအခုကုန်ကျထားတဲ့ ငွေamount နဲ့တော့ရမှာမဟုတ်ဘူးဗျ။ အဲ့ဒါကျွန်တော်တို့ amount ကများမယ်။ ကျွန်တော်တို့ cost ကနေပြီးတော့။ ကျွန်တော်တို့အဲ့ဒါတွေကို အကုန်လုံးချိတ်ဆက်ပြီးတော့ တစ်ပြည်နယ်လုံးကို လုပ်နိုင်ဖို့ ဒါကြောင့် မို့လို့ ခုနကဆရာပြောသွားတဲ့ ဆရာဦးဗဆွေပြောသွားတဲ့ အထဲမှာ တခြားပြည်နယ်နဲ့ တိုင်းတွေ အကုန်ချိတ်ဆက်နိုင်အောင် စနစ်တစ်ခုတည်း ဖြစ်ဖို့ကလည်းလိုအပ်ပါတယ်။ ဒီနေရာမှာ ခုနက ကျွန်တော်တို့ စာပေးစာယူကိစ္စလောက်ဘဲ အထက်အောက်အပေါ်အောက် သွားတဲ့ကိစ္စတွေလောက်ဘဲ တွေ့လိုက်ရပေမဲ့ ကျွန်တော် တို့ပြည်သူတွေ ဆီကတက်လာမဲ့ ပြည်သူတွေကိုဖွင့်ပေးရမဲ့ အပိုင်းတွေရှိမယ်ဗျ။ ဒါဆိုပြည်သူတွေထဲက သုံးနိုင်ဖို့ အတွက်ကို သူ့လမ်းစတစ်ခု ဖွင့်ပေးရမယ့်ဟာရှိတယ်။ ပြည်သူတွေဘက်ကလည်း ရေးပြီးပို့နိုင်တဲ့ဟာမျိုး ကျွန်တော်တို့ မျက်စိထဲမြင်နိုင်တဲ့ဟာမျိုး ဒီဝင်စာဌာနကို တခါတည်း တန်းရောက်သွားမဲ့ဟာမျိုးလေးတွေပေါ့။ ဒါပြည်သူတွေကိုပါ ချပြရမယ်ဟာ။ အခုက ကျွန်တော်တို့ အစိုးရအဖွဲ့က အထက်အောက် သွားတဲ့ စာဝင်စာထွက် အထက် အောက်သွားမဲ့ အနေအထားပဲရှိသေးတယ်။ အခုနကလို ပြည်သူတွေ ပြည်သူတွေ ဟို.. နည်းနည်းလေး ကိုယ်ဘက်က ကျွန်တော်တို့ ဘက်က အခု အကုန်လုံး အဆင်ပြေသွားတယ်။ အခု ရှောရှောရှုရှုဖြစ်တယ်။ အကုန်လုံး ဟို အဆင်မပြေဖြစ်ရင် ကျွန်တော် တို့ တစ်ဖက်မှာပြည်သူတွေ တဖက်ကို ခွင့်ပေးဖို့လုပ်အပ်မယ်ဗျ အဲဒါတော့ကျတော့။ ဒါ ဒီလိုတင်လိုချင်ရင် အစိုးရထံ ၀င်စာတွေရောက်သွားမယ်။ သွား..သွားနေစရာမလိုတော့ဘူး။ ဒါဆို ပိုပြီးအဆင်ပြေမယ်ဆိုတဲ့ဟာမျိုးလေးတွေကို ဒါ ညွှန်း နိုင်မယ်ဆိုရင် ပိုပြီးတော့ သွားနိုင်မယ်လို့ထင်ပါတယ်။ ပထမအနေနဲ့ကတော့ ခုက နေပြည်တော်စည်ပင်သာယာရေး နေပြည်တော်ကောင်စီက စပြီးတော့ အကောင်အထည်ဖော်ပြီးတော့ သင့်တော်တဲ့ကာလတခုမှာ ကျွန်တော်တို့ ချောချော မွေမွေ့ ဖြစ်ပြီဆိုတာကို ကျွန်တော်တို့အနေနဲ့ နောက်ကလိုက်ပြီးတော့ စီစဉ်ဆောင်ရွက်သွားဖို့ စဉ်းစားထားပါတယ် အားလုံးကျေးဇူးတင်ပါတယ်။ ဒီလောက်ပါပဲ။

သတင်းနှင့် ဓါတ်ပုံ

photo by mg bobo

Image may contain: 1 person
Image may contain: 5 people, people sitting and indoor
Image may contain: 6 people, people standing and indoor
Image may contain: people sitting and indoor