အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲ သုံးမှု နှင့်တရာမ၀င်ရောင်းဝယ်မှု ကို တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်​ပွဲများပြုလုပ်​နိုင်​ရန်​ လုပ်ငန်းညှိ နှိုင်းအစည်းအဝေး ပြုလုပ်
June 5, 2017
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး အလွဲ သုံးမှု နှင့်တရာမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်​ပွဲများကျင်းပပြုလုပ်
June 5, 2017

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်
===========================
၂-၆-၂၀၁၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် ပြည်နယ်အဆင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် လုပ်ငန်းကော်မတီများ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၂)တွင် ယနေ့ ၂၀၁၇ ခုနှစ် ဇွန်လ ၂ ရက်နေ့ နေ့လည် ၁:၃၀ အချိန်၌ ပြုလုပ်ကျင်းပခဲ့ရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ပြည်နယ်ဝန်ကြီးချုပ်မှ “ရခိုင်ပြည်နယ်ဟာ သဘာဝဘေးအန္တရာယ်ဒဏ်ကို အမြဲတမ်းလို ကြုံကြိုက်နေရတဲ့ပြည်နယ်တစ်ခုဖြစ်သည့်
အတွက် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်
ပြီး အလေးထားဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုရာ ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးကျရောက်သွားခဲတဲ့နောက်မှာ တစ်ဆက်တစ်စပ်တည်း သဘာဝဘေး စီမံခန့်ခွဲရေး လုပ်ငန်းကော်မတီများကို ခေါ်ယူအစည်းအဝေးပြုလုပ်ရခြင်းဖြစ်ကြောင်း
နှင့် မိုရာကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ပြန်လည်ပြုပြင်ထူထောင်နိုင်ရန် စီမံဆောင်ရွက်ထားရှိမှုအနေအထားများကို ကော်မတီများအလိုက် ဆွေးနွေးတင်ပြပေးဖို့နှင့် သဘာဝဘေးနှင့် ကြုံတွေ့လာရတဲ့အခါ ချက်ချင်းပြန်လည်တုံပြန်ဆောင်ရွက်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုများလုပ်ဆောင်ထားရန်””
ပြောကြားခဲ့ပါတယ်။

ထို့နောက်တက်ရောက်လာကြသော ပြည်နယ်အဆင့် သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းကော်မတီများမှ မိုရာကြောင့် ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ပြုပြင်ဆောင်ရွက်နိုင်ရန် ထူထောင်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှုများကို ကော်မတီအလိုက် ဆွေးနွေးတင်ပြခဲ့ကြပါတယ်။
ပြည်နယ်အဆင့် သဘာဝဘေးအန္တရယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီ၊လုံခြုံရေးဆိုင်ရာစီမံခန်ခွဲမှု ကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေးစီမံခန့်ခွဲမှုကော်မတီ၊ ကျန်းမာရေးစီမံခန့်ခွဲမှုကော်မတီ၊ ဟူ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ စသည်​ဖြင့်​ လုပ်​ငန်း ​ကော်​မတီများ ဖွဲ့စည်းထားပြီး မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားသည့် စာသင်ကျောင်းများစာရင်းနှင့် ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများကို ပြည်နယ်ပညာရေးမှူးမှရှင်းလင်းတင်ပြခဲ့ကာ မိုရာဆိုင်ကလုန်းမုန်တိုင်းကြောင့်ပျက်စီးသွားသည့် ကျန်းမာရေးအဆောက်အဦများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်မည့်အစီအမံများကို ပြည်နယ်ကုသရေးဦးစီးဌာနမှူးမှ ရှင်းလင်းတင်ပြခဲ့ပါတယ်။ ပျက်စီးသွားသည့် တက္ကသိုလ်အား ပြန်လည်ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများကို တက္ကသိုလ် ပါမောက္ခချုပ်မှ ရှင်းလင်းတင်ပြခဲ့ပြီး သာသနိက အဆောက်အအုံများပြန်လည်ပြင်ဆင်ဆောင်ရွက်မည့် အစီအမံများကို ပြည်နယ် သာသနာရေးမှူးမှ ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

ရခိုင်​ပြည်​နယ်​ အစိုးရအဖွဲ့ အ​နေဖြင့်​ Mora ဆိုင်​ကလုန်းမုန်​တိုင်း​ကြောင့်​ ပျက်​စီး ဆုံးရှုံးမှု များအား အမြန်​ဆုံး ပြန်​လည်​ ပြင်​ဆင်​ပြုပြင်​နိုင်​​ရေးအတွက်​ မြို့နယ်​ အသီးသီးရှိ ​ဒေသခံ ကုမ္ပဏီ များကို လုပ်​ဆောင်​​ပေးနိုင်​ရန်​ ​ခေါ်ယူ ညှိနှိုင်းမည်​ဟုသိရသည်​။

Image may contain: 3 people, people sitting and indoor
Image may contain: 2 people
Image may contain: 2 people, people sitting and indoor
Image may contain: 3 people, people sittingImage may contain: 3 people, people sitting and people standing