ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၁၇) ကျင်းပ
April 7, 2017
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် MKSHကုမ္ပဏီမှ တာဝန်ရှိသူများအားလက်ခံတွေ့ဆုံ
April 7, 2017

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုသူဌေးရေအားလျှပ်စစ်စီမံကိန်းမှ တာဝန်ရှိသူများအားလက်​ခံ​တွေ့ဆုံ

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုသူဌေးရေအားလျှပ်စစ်စီမံကိန်းမှ တာဝန်ရှိသူများအားလက်​ခံ​တွေ့ဆုံ
——-==—————————————————-

၆.၄.၂၀၁၇ ရက် ညနေ ၆နာရီတွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီး
များသည် ရခိုင်ပြည်နယ်တွင်းတည်ဆောက်
လျှက်ရှိသော သူဌေးရေအားလျှပ်စစ်စီမံကိန်းမှ
ညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းနှင့် တာဝန်ရှိသူများ အဖွဲ့အားဝန်ကြီးချုပ်ဧည့်ခန်းမဆောင်တွင်လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံမှုတွင် စီမံကိန်းညွှန်ကြားရေးမှူးမှ လက်ရှိ သူဌေးရေအားလျှပ်စစ်စီမံကိန်းတည်
ဆောက်ပြီးစီးနေမှုများနှင့်ပါတ်သက်ပြီး power pointကာများသုံးကာရှင်းလင်းတင်ပြခဲ့ပါသည်။

စီမံကိန်းညွှန်ကြားရေးမှုးမှ သူဌေးရေအားလျှပ်စစ်စီမံကိန်း တစ်ခုလုံး၏ခန့်မှန်းကုန်ကျမည့်ငွေမှာ ကျပ်သန်း ၃၅၄၆၀၁.၂၅၁ ဖြစ်ပြီး ယခုလက်ရှိချိန်ထိ ပြည်ထောင်စုရန်ပုံငွေ ၁၇၄၃၈.၅၇၁ သန်းဖြင့်တည်ဆောာက်ထားပြီး၄၂.၇၂% ပြီးစီးနေပြီဖြစ်ကြောင်း စီမံကိန်းနယ်မြေအတွင်း ရေ၀ပ် ဧရိယာများအတွင်းရှိ မယ်ဝ၊ပုရစ်၊ရေကောက် ရွာ သုံးရွာသုံးရွာ​ပေါင်း အိမ်ထောင်စု ၄၀၁ စုရှိပြီး မယ်ဝ ရွာရှိ အိမ်ထောင်စု ၃၉ စုအား ၂၀၀၉ ခုနှစ် ဧပြီလတွင် ရွေ့ပြောင်းနေရာချထားပြီးဖြစ်ကာ မြေယာ ၊သီးနှံပင်နှင့် အိမ်ထောင်စုထောက်ပံ့ကြေးအဖြစ်ကျပ်ငွေ သန်း၅၀၀ ကိုထောက်ပံ့ပေးခဲ့ပြီး၊ ပုရစ်နှင့်ရေကောက်ရွာများအား
သီးနှံ စိုက်ပျိုးမြေများအတွက် ထောက်ပံ့ကြေးကျပ်၇၀၂.၄၅၀ သန်းကို ၂၀.၃.၂၀၁၆ နေ့တွင်ထောက်ပံ့ပေးချေပြီးစီးပြီဖြစ်ကြောင်း
နှင့်​လက်​ရှိစီမံကိန်းတည်​​ဆောက်​​နေမှု အ​ခြေအ​နေများအား ရှင်းလင်းတင်ပြကာ ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပြည်ထောင်စု အစိုးရထံသို့ စီမံကိန်း ပြီးစီးသည်အထိ လိုအပ်လျှက်ရှိသော ရန်ပုံငွေအားထောက်ခံတင်ပြပေးစေလိုကြောင်းရှင်းလင်းတင်ပြသွားခဲ့ပါသည်။

သူဌေးရေ အားလျှပ်စစ်စီမံကိန်းမှာ ရခိုင်ပြည်နယ် သံတွဲမြို့၏ (၁၂)မိုင်ခန့်အကွာ သူဌေးချောင်းပေါ်တွင်တည်ရှိပြီး ဇုန် (Zoned Darm)တမံအမျိုးအစားဖြစ်ပြီး တမံအလျှား ၂၀၈၂ပေ၊တမံအမြင့် ၂၉၈ပေရှိပြီးနှစ်စဉ် ပျမ်းမျှစီးဝင်ရေ ၂၃.၃၂ သိန်းဧကပေဖြစ်သည်။စီမံကိန်းတွင် ရေလွှဲဥမင်လှိုင် အမှတ်(၁) အချင်း(၃၃)ပေ ၊အလျား ၂.၃၁၆ပေနှင့် အမှတ်(၂) အချင်း(၃၃)ပေ၊အလျား ၁.၇၉၁ပေ တို့ထားရှိမည်ဖြစ်ပြီး
စီမံကိန်းကာလမှာ၂၀၀၈-၂၀၀၉မှ ၂၀၂၃-၂၀၂၄ ထိဖြစ်ပြီး စီမံကိန်းပြီးစီးပါက နှစ်စဉ် ပျမ်းမျှအားဖြင့် ဓာတ်အား ၃၈၆ သန်း ကီလိုဝပ်နာရီထုတ်လုပ်နိုင်မည်ဖြစ်ပါသည်။

No automatic alt text available.
Image may contain: one or more people, people sitting, table and indoor
Image may contain: 1 person, sitting and indoor
Image may contain: one or more people, people sitting and indoor