နိုင်ငံတော် ဒုတိယသမ္မတ ဟန်နရီဗန်ထီးယူ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိ။
March 6, 2017
မာရမာကြီးတိုင်းရင်းသား လူငယ်များဖိုရမ်စစ်တွေမြို့တွင်ကျင်းပ
March 6, 2017

ကျောက်တော်မြို့ စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ၂၀၁၇- ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်ကျင်းပ

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

၂၀၁၇- ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်ကျင်းပ
=======================================
၂-၃-၂၀၁၇

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော၂၀၁၇-ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဟင်းသီး ဟင်းရွက်၊ သစ်သီးဝလံ၊ ပန်းမန်ပြပွဲ၊ ပြိုင်ပွဲနှင့် အသက်မွေးဝမ်းကျောင်းဖွံ့ဖြိုးမှုနှင့်အလုပ်အကိုင်ဖန်တီးမှုဆိုင်ရာ ဖိုရမ်ကို ရခိုင်ပြည်နယ် ကျောက်တော်မြို့ စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ပြုလုပ်ကျင်းပလျှက်ရှိရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် သက်ဆိုင်ရာ ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြပါတယ် ။ အခမ်းအနားဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ အဖွင့်အမှာစကား ပြေားကြားခဲ့ပြီး ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် အခွန်ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းမှ သစ်သီးဝလံ ပန်းမန် ပြပွဲ ပြိုင်ပွဲနှင့် ဖိုရမ်ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ပြပွဲတွင် ပြသထားသော သစ်သီးဝလံ ပန်းမန်များ လယ်ယာသုံး စက်ပစ္စည်းကိရိယာများ အသုံးအဆောင် ပစ္စည်းများအားလှည့်လည်ကြည့်ရှုခဲ့ကြပါတယ် ။
ထို့နောက် ပြည်နယ်အသက်မွေး ဝမ်းကျောင်းမှု မွံဖြိုးရေးနှင့် အလုပ်အကိုင် ဖန်တီးမှုဆိုင်ရာ ဖိုရမ် အခမ်းအနားကို နံနက် ၉ နာရီ အချိန်ခန့်တွင် ဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ထို့ နောက် သစ်သီးဝလံ ပြပွဲ ပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုများ ချီးမြှင့်ပေးအပ်ခဲ့ပါတယ်။
ထို့နောက် နံနက် ၁၀ နာရီအချိန်ခန့်တွင် ရခိုင်ပြည်နယ်၏ စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် စိုက်ပျိုးရေးပညာရှင် ဦးသိန်းဆုမှ ဆွေးနွေးခဲ့ပါသည်။

၂-၃-၂၀၁၇. ကျောက်တော်
စိုက်ပျိုးရေး သိပ္ပံကျောင်း

Image may contain: 3 people, people standing and outdoor
Image may contain: 1 person, standing
Image may contain: one or more people, people standing and outdoor
Image may contain: one or more people, people on stage, people standing and outdoorImage may contain: one or more people, people standing, crowd and foodImage may contain: plant and flowerImage may contain: foodImage may contain: 2 people, people standingImage may contain: one or more people, people standing and people sitting