မာရမာကြီးတိုင်းရင်းသား လူငယ်များဖိုရမ်စစ်တွေမြို့တွင်ကျင်းပ
March 6, 2017
ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများအကြောင်းအသိပေးဆွေးနွေး
March 13, 2017

ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၏ လိုအပ်ချက်များအားဖြည့်ဆည်းနိုင်ရန်ကွင်းဆင်းလေ့လာ

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၏ လိုအပ်ချက်များအားဖြည့်ဆည်းနိုင်ရန်ကွင်းဆင်းလေ့လာ
စစ်တွေ ဇန်န၀ါရီ ၂၅

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းသည် ရခိုင်ပြည်နယ် ပညာရေးညွှန်ကြားရေးမှူး ဦးအောင်ကျော်ထွန်းနှင့် တာဝန်ရှိသူများနှင့်အတူ ဇန်န၀ါရီလ ၂၅ ရက် မွန်းလွဲ ၃ နာရီက စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ သွားရောက်ခဲ့သည်။
အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ IDP စခန်းများမှ စာသင် ကျောင်းများတွင် ဆရာ/မများ လုပ်ခလစာအချိန်မီရရှိရေး၊ ကျောင်းသား/သူများကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေး၊ ကျောင်းအဆောက်အဦများကောင်းမွန်းရေးနှင့် ကျောင်းဆောင်သစ်များတိုးချဲ့ဆောက်လုပ်ပေးနိုင်ရေးတို့အတွက် လိုအပ်ချက်များ အားဖြည့်ဆည်းနိုင်ရန် ကွင်းဆင်းလေ့လာခြင်းဖြစ်ကြောင်းသိရသည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အဖွဲ့သည် စစ်တွေမြို့အောင်မင်္ဂလာရပ်ကွက် အလယ်တန်းကျောင်းခွဲတွင် ဆရာ/မများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံပြီး ကျောင်းအတွက်လိုအပ်ချက်များကိုမေးမြန်ရာ ကျောင်းသားမိဘများက ကျောင်းဆောင်သစ်တိုးချဲ့ ဆောက်လုပ်နိုင်ရေး နှင့်ကျောင်းမြေနေရာရရှိရေးတို့ကို ဆွေးနွေးတင်ပြကြသည်။ ယင်းနောက်ဒုတိယ ညွှန်ကြားရေးမှူး ချုပ်နှင့်အဖွဲ့သည် ကျောင်း သား/သူများ၏ ပညာသင်ကြားနေမှုအား လှည့်လည် ကြည့်ရှု့အားပေးခဲ့သည်။ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ သည် စစ်တွေမြို့နယ် သက္ကယ်ပြင်ကျေးရွာ အထက(ခွဲ)နှင့် လှမချေကျေးရွာ အမက (လွန်) စာသင်ကျောင်းများရှိ ကျောင်းသား/သူများ၏ ပညာသင်ကြားနေမှုနှင့် ကျောင်းအတွက်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး သွားရောက်ကြည့်ရှု့ခဲ့သည်။ ဒုတိယညွှန်ကြားရေးမှူးချုပ်သည် ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေမြို့နယ်မှ IDP စခန်းများအပြင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့များရှိ IDP စခန်းများမှ စာသင်ကျောင်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ကွင်းဆင်းလေ့လာ သွားမည်ဖြစ်ကြောင်းသိရသည်။

တင်ထွန်း(ပြန်/ဆက်)

Displaying 1.JPGDisplaying 7.JPGDisplaying 2.JPG