ကျောက်တော်မြို့ စိုက်ပျိုးရေး သိပ္ပံကျောင်းတွင် ၂၀၁၇- ခုနှစ် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ပွဲ ပြုလုပ်ကျင်းပ
March 6, 2017
ရခိုင်ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၏ လိုအပ်ချက်များအားဖြည့်ဆည်းနိုင်ရန်ကွင်းဆင်းလေ့လာ
March 6, 2017

မာရမာကြီးတိုင်းရင်းသား လူငယ်များဖိုရမ်စစ်တွေမြို့တွင်ကျင်းပ

Leider ist der Eintrag nur auf English verfügbar. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

မာရမာကြီးတိုင်းရင်းသား လူငယ်များဖိုရမ်စစ်တွေမြို့တွင်ကျင်းပ
စစ်တွေ ဖေဖော်ဝါရီ ၂၆
မာရမာကြီးတိုင်းရင်းသားလူငယ်များဖိုရမ်ကို စစ်တွေမြို့မာရမာကြီးကျောင်းဟောင်း ပရိယတ္တိစာသင်တိုက်တွင် ဖေဖော်ဝါရီလ ၂၆ရက် နံနက် ၉နာရီကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မာရမာကြီးတိုင်းရင်းသားရိုးရာဝတ်စုံဖြင့် မာရမာကြီးလူငယ်များမှ လမ်းလျှောက်သရုပ်ပြသ ကြပြီး သဘာပတိများနေရာယူကြသည်။ ထို့နောက်ဒဂုံတက္ကသိုလ်(ရခိုင်ကျောင်းသားသမဂ္ဂ)မှ ပေးပို့ထားသည့်သ၀ဏ် လွှာအား မာရမာကြီးတိုင်းရင်းသား ကိုဝင်းထိန်ကဖတ်ကြားပြီး စစ်တွေမြို့မာရမာကြီးကျောင်းဟောင်းပရိယတ္တိစာသင် တိုက် ဆရာတော်ကြီးဘဒ္ဒန္တဇောတိကမှ သြ၀ါဒဂါထာမြွတ်ကြားပေးခဲ့သည်။ ဆက်လက်၍ ရခိုင်တိုင်းရင်းသား ဥပဒေ ပညာရှင် ဆရာဦးသာပွင့်က လူငယ်နှင့်အတွေးအခေါ်ဆိုင်ရာ အချက်အလက်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရခိုင်သမိုင်း သုတေသီ ဆရာကြီးဦးမောင်ဗသိန်းက မာရမာကြီးတိုင်းရင်းသားတို့၏ သမိုင်းကြောင်းခေါင်းစဉ်ဖြင့်လည်းကောင်း ဟော ပြောကြသည်။ယင်းနောက် မာရမာကြီးအမျိုးသားခေါင်းဆောင် ဦးမောင်နုနုက မာရမာကြီးတိုင်းရင်းသားများ၏ လက်ရှိ လူနေမှုဘ၀အခြေများ၊ ဒဂုံတက္ကသိုလ်(ရခိုင်ကျောင်းသားသမဂ္ဂ)မှ ကိုထွန်းမင်းခန့်က အနာဂတ်ရခိုင်ပြည် ခေါင်းစဉ်ဖြင့် လည်းကောင်း မာရမာကြီးတိုင်းရင်းသားကိုသန်းထွန်းက လူငယ်ဖိုရမ်ဖြစ်မြောက်ရေးနှင့် ဆောင်ရွက်မှုများအား ရှင်းလင်း ပြောကြားခဲ့ကြသည်။ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများတွင် လူမျိုးတစ်မျိုးအဖြစ်ပါဝင်သော ရခိုင်မျိုးနွယ်စု(၇)မျိုးထဲမှ မာရမာကြီးမျိုးနွယ်စုများသည် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍများနိမ့်ကျလာသည့် အတွက်တခြားသို့တိုင်းရင်း သားများနှင့် တန်းတူဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် နယ်စပ်ဒေသတွင်နေထိုင်နေကြသည့် မာရမာကြီးတိုင်းရင်းသားများ၏ လူနေမှုဘ၀ကို ကူညီနိုင်ရန်အတွက် ရည်ရွယ်ချက်(၄)ချက်ချမှတ်ကာ မြန်မာတစ်နိုင်ငံလုံးရှိ လူငယ်များနှင့်ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ရာတွင်တက်ကြွ၍စွမ်းဆောင်ရည်အားကောင်းသော မာရမာကြီးလူငယ်မျိုးဆက်သစ်များပေါ်ထွန်း လာစေရန် ကျင်းပခြင်းဖြစ်ကြောင်း ဖိုရမ်ကျင်းပရေးတွင်ဦးဆောင်ပါဝင်ခဲ့သူ မာရမာကြီးတိုင်းရင်းသား ကိုလှရွှေကပြော ကြားသည်။
အဆိုပါဖိုရမ်သို့ စစ်တွေမြို့မာရမာကြီးကျောင်းဟောင်း ပရိယတ္တိစာသင်တိုက်ဆရာတော်ကြီးနှင့် ရခိုင်တိုင်းရင်း သားများ၊ မြန်မာတစ်နိုင်ငံလုံးမှမာရမာကြီးတိုင်းရင်းသားများနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဝင်များ တက်ရောက်ကြ ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)
Displaying 5.JPGDisplaying 3.JPGDisplaying 4.JPG